ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲနှင့် အခြေခံစာကြည့်တိုက် ပညာသင်တန်းတွင် ဆုရရှိသူများ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် ရုံးအဖွဲ့မှူး ဦးဝင်းသိန်းတို့က အမှာစကားအသီးသီး ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့၏ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက် လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် အခြေခံစာကြည့်တိုက် ပညာသင်တန်းအမှတ်စဥ်( ၂)တွင် ဆုရရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သတင်းလုပ်ငန်း၌ ဆုရရှိခဲ့ကြသည့် လှည်းကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့၊ ထန်းတပင်မြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇင်မင်းထိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော e-Government Training Center မှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်( ၂/၂၀၂၂)တွင် ဆုရရှိခဲ့သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဦးကောင်းမြတ်သူတို့ကို တာဝန်ရှိသူများ ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)