နယ်ရုံးများ၏သတင်းများ

Nov 15,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်စည်သူ(အဖျောက်) ရေးသားထားသည့် “တာဝန်သိစိတ် တာဝန်ယူစိတ်” ကလေးဝတ္တုတိုများစာအုပ်ဖြင့် ယမန်နေ့နံနက် (၁) နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Nov 15,2022
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြသည်။
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
Nov 15,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၅)ရက်၊ နံနက်(၁၀)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 15,2022
စစ်ကိုင်းခရိုင် 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မင်းကွန်းတိုက်နယ် တာဝန်ခံ တို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်ခြင်းကို နိုဝင်ဘာ (၁၅)ရက်၊ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲ နေ့အား အစဉ်သတိရ၍ မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌  နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနဦးစီးဌာန ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများ‌ထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောက်ဂူ(မူလွန်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။