နယ်ရုံးများ၏သတင်းများ

Feb 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အထက်တန်းအဆင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 01,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ကို ယနေ့နေ့လယ်အချိန်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူ လူငယ်များလေ့လာနိုင် ရန်ခင်းကျင်း ပြသဆောင်ရွက်ခဲ့သည်။
Feb 01,2023
ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Centre)ခန်းမတွင် လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ ညနေချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2023
မွန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က စာဖတ်ခြင်း အကျိုးကျေးဇူးအသိပညာပေးဆွေးနွေးပွဲ TalkShow ကျင်းပခဲ့ကြောင်း သိရသည်။
Jan 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကံဘဲ့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 31,2023
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် အ.ထ.က(၃)ကျောင်း(ကျောင်း ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 31,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) အမှတ်(၂၅)တို့ ပူးပေါင်းကျင်းပသော(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။