နယ်ရုံးများ၏သတင်းများ

Dec 19,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောကိ လိုက်လံငှားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့တွင် စာဖတ်သူများလက်ဝယ်ရောက် သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
Dec 19,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီးစီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စည်ပင်သာယာဆိပ်အနီး ဧရာဝတီမြစ်ကမ်းမှစတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါးစီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
Dec 19,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Dec 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြိုနယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ တက်ရောက်ခဲ့သည်။
Dec 19,2022
တောင်သာမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 19,2022
မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Dec 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ (၁၉) ၊ အမှတ် (၁၉) စာစောင်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ရေး နည်းပေးသူ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။