ကန့်ဘလူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ပူဖောင်းဖောက်ပြိုင်ပွဲများကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ပူဖောင်းဖောက်ပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကျောင်းစာအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)