မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ

အမ်း ဒီဇင်ဘာ ၁၉

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library နစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။

ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ အပတ်စဉ် စာအုပ်၊ စာစောင် အသစ်များအား စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ပြောသည်။

စိုးမင်းထွန်း