ချမ်းမြသာစည်မြို့နယ် Community Centre တွင်ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ခြင်း

ချမ်းမြသာစည်    ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပန်းအလှထိုးနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ပန်းအလှထိုးနည်းသင်တန်းတွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် သင်တန်း၏ ရည်ရွယ်ချက်မှာ ဘုရားပန်းကပ်လှု ပူဇော်ရာတွင်ဖြစ်စေ ၊မိမိတို့၏အိမ်တွင် ပန်းအလှ ဆင်သည့်အခါတွင်ဖြစ်စေ၊ ဌာနတွင်း အခမ်းအနားများ ဆောင်ရွက်သည့်အခါတွင်ဖြစ်စေ အခမ်းအနား၏ ပြင်ဆင်မှုတွင်ပါရှိသည့်ပန်းအလှထိုးနည်းကို တတ်မြောက်သိရှိစေရန် ရည်ရွယ်၍ ပန်းအလှထိုးနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းအိုးဖြင့်ပန်းအလှထိုးနည်း၊ စားပွဲတင် ပန်းအလှထိုးနည်း စသည်တို့ကို သင်ကြားပြသ ပေးခဲ့ကြောင်းနှင့် ပန်းအလှထိုးနည်းသင်တန်းကို ဌာနတွင်းဝန်ထမ်းများနှင့် မေတ္တာရင်ခွင်မူကြိုကျောင်းမှ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)