မင်းပြားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိ

မင်းပြား ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ဥပဒေရုံးတွင်ကျင်းပပြုလုပ်သည်။

ထိုသို့ Mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များအားအခမဲ့ ငှားရမ်းပေးရာတွင် မင်းပြားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်နီနီလွင်က စာကြည့်တိုက်သို့ အလုပ်မအား၍မလာရောက်နိုင်သည့်ဝန်ထမ်းများအား အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်၊ စာစောင်များကို နှစ်ပတ်ငှားစနစ်ဖြင့်အခမဲ့ငှားရမ်း ပေးလျှက်ရှိသည်။

အဆိုပါ Mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို မင်းပြားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက နှစ်ပတ်ပြည့်လျှင် စာအုပ်၊စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

သိန်းနုအောင်