တံတားဦး ဖေဖော်ဝါရီ ၁၀
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကလးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေစံပယ်အောင်က (၇၆)နှစ်မြောက် ပြည်ထောင် စုနေ့ကို ကြိုဆိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ကလေးများကျန်းမာရေးအရ ကိုယ်အလေးချိန်ခြင်း၊ ဤစစ်ဆေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အသိ ဉာဏ်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကာကွယ်ဆေးထိုးနှံမှုတို့ပါဝင်ကြောင်း ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ကလေးငယ် မွေးစမှအသက်(၆)လ၊ အသက်(၆လ)မှ(၁)နှစ်၊ အသက်(၁)နှစ်မှ(၁)နှစ်ခွဲမှ ဆုရရှိသည့် ကလေးငယ်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)