ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ငါးမျက်နှာ)ကျောင်းသို့ အသိပညာပေးဟောပြော

ပန်းတောင်း ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ငါးမျက်နှာ)ကျောင်းသို့ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ၂၀၁၉ ဥပဒေပါစားသုံးသူများ၏ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးစသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပါစာအုပ်များကို ဖတ်ရှုစေခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)