စုကလိ ဖေဖော်ဝါရီ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးအပ်ပွဲအား ယနေ့နံနက်ပိုင်းအချိန်တွင် စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်ကပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဥ်းနှင့် ယနေ့ခေတ်လူငယ်များ ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းရှင်သန်နိုင်စေရေး အလွန်အရေးကြီး ကြောင်းနှင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုအလေးထားတတ်ကြသော လူငယ်လူရွယ်များ ဖြစ်လာကြရန် လိုအပ်ကြောင်း ဟောပြောပေးခဲ့ပြီးနောက် ၇၆ နနှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်း အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့် ဉာဏစွမ်းရည် ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အား အခြေခံပညာအထက်တန်းကျောင်း စုကလိမှ ကျောင်းသား/ကျောင်းသူလေးများမှ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နေ့လယ် ၁၂နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပိုပိုအောင်