တံတားဦးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး ဖေဖော်ဝါရီ ၁၀

၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က၊တံတားဦးကျောင်းတွင် ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၂၀-၁-၁၉၄၆)ရက်နေ့တွင်ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(၁၂-၂-၂၀၂၂) ရက်နေ့(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ် ချက်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ (၁၂-၂-၂၀၂၂) မြန်မာ့အလင်းသတင်းစာ၌ စာရေးဆရာ ဖိုးလေးလံဒးသောင်းကိုကို ရေးသားသော စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ ကဗျာနှင့် ဆောင်ပုဒ်များကို အရောင်အသွေးစုံလင်စွာ ဖော်ပြပါရှိကြောင်း အဆိုပါစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှထုတ်ဝေထားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိရေးအတွက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)