ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့(၃)နာရီအချိန်က စာရေးဆရာ ဒေါက်တာ သိန်းလွင်ရေးသားသည့် စိတ်၏ဖိစီးမှုကို လျော့ချနည်းများ  စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့ဝင် ဒေါ်လှလှရီက စာရေးဆရာ ဒေါက်တာ သိန်းလွင် ရေးသားသည့် စိတ်၏ဖိစီးမှုကို လျော့ချနည်းများ  စာအုပ်ထဲမှာပါသည့် စိတ်ဖိစီးမှုကို တိုင်းတာခြင်းခေါင်းစဉ်ဖြင့် တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မား စေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Pageမှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း အပြင်သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

မြင့်ဇော် (ပြန်/ဆက်)