သဲကုန်းမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကိုယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာဗဟုသုတများရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာ​ပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်စာစောင် များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး ပြန်/ဆက်