ဘီးလင်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ ​အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ

ဘီးလင်း   ဖေဖော်ဝါရီ      ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘီးလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၂) နာရီက တိုင်းရင်းဆေးပညာ​အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ  က  အသိပညာပေး Talk Show  ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘီးလင်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နန်းထွေးနုက ကင်ဆာရောဂါကို ဖြစ်စေနိုင်သောအချက်များ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများ၊ ကင်ဆာရောဂါရှိ၊ မရှိ စစ်ဆေးသိရှိနိုင်သည့် အချက်များနှင့် မီးဖိုချောင်သုံး တိုင်းရင်းဆေးဖက်ဝင် နနွင်း အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထူးနောင်(ပြန်/ဆက်)