ဒေါ့ဖုန်းယန်မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေါ့ဖုန်းယန် ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀ )နာရီမှစတင်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ ပြသဆောင်ရွက်ရာတွင် ဒေါ့ဖုန်းယန်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူမျးနှင့်ဒေသခံ ပြည်သူများအား ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ်နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံများအား လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းများနှင့် နှစ်နိုင်ငံအစိုးရ အကြီးအကဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများအား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဒေါ့ဖုန်းယန် (ပြန်/ဆက်)