ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ်မည်

ကန့်ဘလူ ဖေဖော်ဝါရီ ၂၄

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်း ချီပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံ ပန်းချီသင်တန်း (အခမဲ့) ကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အခြေခံပန်းချီသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အလက၊ မူလွန်နှင့်မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့် ချိတ်ဆက်၍လည်းကောင်း၊ ပန်းချီပညာရှင်များနှင့် ချိတ်ဆက်၍လည်းကောင်း စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူ လူငယ်များအခြေခံ ပန်ချီသင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)