မော်လမြိုင် ဖေဖော်ဝါရီ ၂၄
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းဖြစ်သည့် အေရိုးဗစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုအောင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းအား ပြီးဆုံးသည်အထိ ကြိုးစားသင်ယူသွားကြရန် ရှင်းလင်းပြောကြားပြီး သင်တန်းသူများအား အေရိုးဗစ်လေ့ကျင့်ခန်း စတင်သင်ကြား ပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၂၀)ဦးဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးပြီး နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များကျန်းမာသန်စွမ်းစေရန်နှင့် အားကစားနည်းများကို စိတ်ပါဝင်စားစွာ သင်ယူနားလည်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)