ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူမိုက်နှင့်ပညာရှိ ခေါင်းစဥ်ဖြင့် အသိပညာပေး ဆောင်ရွက်

 ကြံခင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူမိုက်နှင့်ပညာရှိ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ လူမိုက်နှင့်လူလိမ္မာ ခွဲခြားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး၊ ‌စာကြည့်တိုက်လက်ထောက် (၃) ဒေါ်မွန်ဇာဝင်းက လူမိုက်နှင့် လူလိမ္မာတို့တွင်ရှိသော စရိုက်လက္ခဏာ (၃) မျိုးနှင့် စာရိတ္တ၊ ပညာဖြင့် ပြည့်စုံသူတို့ရရှိမည့် အကျိုးကျေးဇူးများကို ဆွေးနွေးပါသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်များအတွက် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)