သီပေါ ဖေဖော်ဝါရီ ၂၈
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနများသို့ ယခင်ငှားရမ်း ပေးထားသောစာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင်သုတ၊ရသစာအုပ်များကို ထပ်မံပြန်လည် ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)