သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

သံတွဲ   ဖေဖော်ဝါရီ  ၂၈

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၏လိုအပ်ချက်များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက အဖွင့်အမှာစကားပြောကြား သည်။ ဆက်လက်၍ ခရိုင်လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က ဂုဏ်ပြုမှတ်လွှာပေးအပ်ပွဲပေးအပ်ပွဲကျင်းပရခြင်းနှင့် သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန(Community Centre)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က ရှေ့လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အလှူရှင်များအား ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း၊ ခရိုင်စီမံ ပ်ချုပ်ရေ အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ (Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)အနေဖြင့် ဖွင့်လှစ်ခဲ့သည့် ၂၀၂၂နှစ်မှ ယနေ့အချိန်ကာလအထိ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အလှူခံရရှိမှုမှာ (၉၁၃၈၃၀ဝိ/-) ကျပ် ကိုးဆယ့်တစ်သိန်းသုံးသောင်းရှစ်ထောင်သုံးရာတိတိ ရရှိခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)