နမ့်ဆန် ဖေဖော်ဝါရီလ ၂၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်နှုန်းတိုးတက်စေရန်အတွက် စာပေကို ချစ်မြတ်နိုးသောဝန်ထမ်းများ စာအုပ်စာပေ အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် မြို့နယ် စီမံကိန်းရုံးသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နယ်လှည့်စာအုပ်ငှားရမ်းခြင်းသည်ရုံးလုပ်ငန်းတာဝန်များဖြင့်စာကြည့်တိုက်သို့မလာရောက်နိုင်သော ဝန်ထမ်းများ၊ အလုပ်မအားလပ်သည့် မိဘပြည်သူများနှင့်ကလေးငယ်များကို အပတ်စဉ်ငှားရမ်းပေးပြီး ငှားရမ်းထားသော စာအုပ်များသိမ်းယူခြင်း စာအုပ်အသစ်များကိုပြန်လည် ငှားရမ်းပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာပေချစ်သူ စာဖတ်ပရိသတ်အကြိုက်တွေ့စေမည့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများနှင့်မြို့ ပေါ်ရပ်ကွက်များသို့ နယ်လှည့်စာအုပ်ငှားရမ်းခြင်းများကို အပတ်တိုင်း ငှားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသည့် စာပေချစ်မြတ်နိုးသူ ပြည်သူ များကိုလည်း သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)