မိုင်းငေါ့ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာစောင်များလေ့လာဖတ် ရှုငှားရမ်းကြကြောင်း သိရသည်။၊
စာကြည့်တိုက်တွင်သုတ/ရသစာအုပ်များ ၊ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ Happy Time၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်း ပဟေဠိစာအုပ်များ စသည့်စာအုပ်စာစောင်များအပြင် ကလေးများအကြိုက်ပြိုင်ပွဲ အစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရဆုလက် ဆောင်များချီးမြှင့်ပေးကြောင်း ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကိုဗဟုသုတ ရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊Talk Show များ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက် အတွင်းရှိကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်ခေါက် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)