သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

သထုံ မတ် ၉

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက ပလတ်စတစ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နု Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချမ်းမြေ့မြတ်နိုးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ရွှေဝတ်မှုံတို့က နှစ်ဆယ့်တစ်ရာစု၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုပြဿနာနှင့် ပလတ်စတစ်သုံးစွဲစွန့်ပစ်မှု၊ ယနေ့ကာလ၌ ပလတ်စတစ် တွင်တွင်ကျယ်ကျယ် အသုံးပြုမှုများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းတို့၏ ခြိမ်းခြောက်နေမှုများ၊ ပလပ်စတစ်ကြောင့် ဖြစ်ပေါ်နေသည့် မြေထု ရေထု လေထုညစ်ညမ်းမှုများ၊ လူသားတို့အပါအဝင် သက်ရှိအားလုံးတို့အတွက် ပလတ်စတစ်ကြောင့် ခံစားနေကြရသည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများစသည့် ပလတ်စတစ်အန္တရာယ်ဆိုင်ရာ အန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

သထုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာန ခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)