မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ Talk Show ပြုလုပ်

မုဒုံ မတ် ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံ​မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မသန်စွမ်းသူများဆိုင်ရာဆွေးနွေးပွဲ Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Talk Show အစီအစဉ်ကိုပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက မသန်စွမ်းသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မသန်စွမ်းမှုဆိုတာဘာလဲ၊ မသန်စွမ်းအမျိုးအစား၊ မသန်စွမ်းသူများနှင့်ပတ်သက်သော ဥပဒေ၊ မသန်စွမ်းသူများကို မှတ်ပုံတင်ပေးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး၊ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ၊ မသန်စွမ်းမှုကိုဖြစ်ပေါ်စေသော အတားအဆီးများ၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်ပြပွဲများပြုလုပ်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မုဒုံသူ