မိုင်းဆတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေရေးရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကလေးအလုပ်သမားဆိုတာဘာလဲ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိသော ကလေး၏အသက်အရွယ်၊ ကလေးအလုပ်သမား တိုးပွားလာမှု၊ နစ်နာမှုကို တိုင်တန်းနိုင်သည့်သူများ၊ စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင် က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသောအသက်ထက်ငယ်ခြင်း၊ ဥပဒေကခွင့်မပြုထားသည့် အလုပ်များလုပ်နေရခြင်း၊ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ်ရှိသော်လည်း အလုပ်အမျိုးအစားနှင့် သတ်မှတ် အလုပ်ချိန်ကြောင့် အလုပ်လုပ်နေရသည့် ကလေး၏ပညာရေး၊ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုထိခိုက်စေခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးသူငယ် အသက်သည် (၁၄) နှစ်ထက်ပိုကြောင်း၊ ကလေးအလုပ်သမား တိုးပွားမလာစေရန် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရမည့် စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း၊ အခမဲ့ပညာရေးနှင့် အလုပ်သမားရေးရာ စစ်ဆေးခြင်းနှင့် ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှုံးနစ်နာခြင်းနှင့် စပ်လျဉ်း၍ နစ်နာသူကလေးသူငယ် ကိုယ်တိုင်ဖြစ်စေ၊ မိဘအုပ်ထိန်းသူဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)