လမ်းမတော် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဝါသနာပါရာပန်းချီပညာကို စနစ်တကျတက်မြောက်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁၂)နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပန်းချီဆရာ(ကာတွန်း)နေမင်းက ပန်းချီပညာရပ်နှင့် ပတ်သက်သည်များကို ပြောကြားသည်။
အဆိုသင်တန်းကို မတ်လ(၈)ရက်နေ့မှ ဧပြီလ(၂၇)နေ့အထိ အပါတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ နေ့လယ်(၁၂)နာရီမှ (၁)နာရီခွဲအထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ ပန်းချီသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦး တက်ရောက်ခဲ့ကျကြောင်း သတင်းရသည်။
ကျော်ဆန်းမြင့်