မုံးကိုး မတ် ၂၂
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့အတွင်းရှိ တောင်ပေါ်ကျေးရွာများနှင့် မြို့ပေါ်ရှိ ဒေသခံ ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လစဉ်ကျင်းပလျက်ရှိပြီး မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ စုစုပေါင်း အပါး ၁၂၆ ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို လစဉ်ကျင်းပလျက်ရှိကြောင်းကို သိရပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် မုံးကိုးမြို့ရှိ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသာစုအားလုံးနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဖြစ်မြောက် စေရန် များစွာကူညီခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မုံးကိုးမြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာ သံဃာတော်များအတွက် မြို့တွင်းလှည့်လည်နိုင်ရေးကို မြို့အုပ်ချုပ်ရေးမှူး ဦးစောနယ်လ်ဆင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံလူငယ်များက တာဝန်ယူပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသာစုများက သံဃာတော်များကို ဆန်၊ ဆေး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)