တာမိုးညဲ မတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က တာမိုးညဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခေါန်မိုင်က လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ လူကုန်ကူးမှုဆိုသည်မှာ၊ ဘယ်လိုလူမျိုးတွေ လူကုန်ကူးခံရပါသလဲ၊ လူကုန်ကူးမှုဖြစ်စဉ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ အသိပညာပေး နံရံကပ်နှင့်စာအုပ်ပြပွဲကိုပြသရာ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် ဗဟုသုတရစေမည့် သုတစာအုပ်များကိုပြသရာ မိဘပြည်သူ လူငယ်လူရွယ်များမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြ ကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)