ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နဲ့စာရိတ္တ” Talk Show ကျင်းပ

ဇမ္ဗူသီရိ မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက “လူငယ်နဲ့စာရိတ္တ” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လူငယ်တွေရဲ့ဘဝအောင်မြင်ရေးမှာ စာရိတ္တသည် အရေးကြီးကြောင်း၊ စာရိတ္တကောင်းမွန်ရေးအတွက် အထောက်အကူပြုရန် လုပ်ဆောင်သင့်သည့် အချက်များ စသည့် အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)