ဗဟန်း မေ ၇
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ အခြေခံတိုက်ကွမ်ဒိုသင်တန်း(အခမဲ့)ကို ယမန်နေ့ နေ့လယ် ၁ နာရီ က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြဆရာမမှ တိုက်ကွမ်ဒိုအားကစားနည်းပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် သင်တန်းစည်းမျဥ်း/စည်းကမ်းများကို ပြောကြားခဲ့ပြီး အခြေခံအကြောလျှော့နည်းများ၊ လက်သီးထိုးနည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်းနှင့် ခြေကန်နည်းများအား သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၆ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ (စနေ့၊ တနင်္ဂနွေ တစ်ပတ်လျှင်(၂)ရက် စုစုပေါင်း (၈)ရက်တာကာလ၌ နေ့လယ် ၁နာရီ မှ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး