တပ်ကုန်း မေ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်နှင့်စာရိတ္တ အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ (Talk Show) အစီအစဉ်တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန် တက္ကသိုလ်) တို့က စာရိတ္တဆိုတာကို လူငယ်တွေ သိရှိနားလည်အောင် ဘယ်လိုရှင်းပြသင့်ပါသလဲ၊ စာရိတ္တနဲ့ပြည့်စုံခြင်းဆိုတာက လူငယ်တွေအတွက် ဘာကြောင့်အရေးကြီးတာလဲစသည့် မေးခွန်းများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလူငယ်နှင့်စာရိတ္တ အသိပညာပေး (Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်