စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာကြက်ခြေနီနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

စမ်းချောင်း မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ စမ်း‌ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​ကမ္ဘာကြက်​ခြေနီ​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စမ်းချောင်းမြို့နယ်ရုံးမှ ဦးအေးလင်းနှင့်ဒေါ်ဖြူဖြူ‌ဖွေးတို့က ကမ္ဘာကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာကြက်ခြေနီ ဖခင်ကြီးအဖြစ် တင်စားခေါ်ဝေါ်ခဲ့သည့် ဆွမ်ဇလန်နိုင်ငံသား မစ္စတာဟန်နရီဒူးနန့်၏ ၁၈၅၉ခုနှစ်က ဆိုဖရီနို စစ်မြေပြင်တွင် ရန်သူမိတ်ဆွေ မခွဲခြားပဲဒဏ်ရာရထားသည့် စစ်သည်များကိုပြုစုကုသခဲ့မှု့များ၊ ကမ္ဘာကြက်ခြေနီနေ့၌ ကြက်ခြေနီအသင်းဝင်နိုင်ငံတွေမှာ ကြက်ခြေနီအသင်းဝင်များ၏ ဆောင်ရွက်မှုများ၊ ကြက်ခြေနီအသင်းဝင်များ၏ ရည်ရွယ်ချက်၊ ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်များအနှစ်သာရများ၊ ကြက်ခြေနီအသင်းဝင်တိုင်းသည် နှလုံးသားဖြင့်ကူညီ၊ တို့ကြက်ခြေနီဆိုသည့် ဆောင်ပုဒ်အတိုင်း လူမှုဂရုဏာလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ မေတ္တာကိုအရင်းခံပြီး အခမဲ့ကူညီ ဆောင်ရွက်ပေးကြသူများဖြစ်ကြောင်းတို့ကို ဗဟုသုတဖြစ်စေရန် ဆွေးနွေးခဲ့ကြသည်။

စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးလင်း(ပြန်ဆက်)