ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အကြို ရှေးဦးသူနာပြုစုနည်း အသိပညာပေး Talk Show ဆောင်ရွက်

ပြင်ဦးလွင် မေ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်  ၂၀၂၃ ခုနှစ်၊ မေလ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ရင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးက ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာ့ကြက်ခြေနီတပ်ဖွဲ့များ၏ သမိုင်းကြောင်း၊ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များ၊ ရှေးဦးသူနာပြုစုနည်းဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ကမ္ဘာ့ကြက်ခြေနီနေ့အကြို အသိပညာပေး Talk Show ကို We Love Pyin oo lwin Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ယမင်းလှိုင်