တောင်ငူ မေ ၁၂
တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၁ နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ ခရိုင်မီးသတ်ဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးသက်ဝင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်တို့က သဘာဝဘေးအန္တရာယ်များအနက်မှ မုန်တိုင်းဖြစ်ပေါ်လာပါက ဒေသအလိုက် သတိပြုလိုက်နာ နေထိုင်ရမည့်အချက်များ၊ ကြိုတင်ပြင်ဆင်စုဆောင်းထားရမည့်အချက်များ၊ သောက်သုံးရေသိုလှောင်နိုင်ရေး ဆောင်ရွက်ရန်နှင့် ၅ ဂါလံဆံ့ ပလတ်စတစ်ပုံးတစ်ပုံး၏အသုံးဝင်ပုံစသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဉ်ကို တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)