နယ်ရုံးများ၏သတင်းများ

May 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် စာရေးဆရာအသင်း လစဉ်ပုံမှန်အစည်းအဝေးနှင့် စာပေဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
May 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်းသတိပေးချက်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို နံရံကပ်စာစောင်များအနေဖြင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ယဥ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မွန်ပြည်နယ် YMBA အသင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၃၈ ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဌာနခန်းမ၌ ကျင်းပခဲ့သည်။
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Book club)၊ (Woman club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့ နံနက် (၁၀:၃၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်‌ခဲ့ကြောင်း သိရသည်။
May 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ရိုက်ကူးလွှင့်မှု အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး( Community Centre)ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့တို့ပူးပေါင်း၍စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
May 15,2023
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့်