ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးမုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို မေ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီက သဘာဝဘေးမုန်တိုင်း အန္တရာယ်ကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မုန်တိုင်းဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့်‌ ဘေးကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိမှုကို ပြည်သူများသိရှိစေနိုင်ရန် ရည်ရွယ်၍ Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူ ဦးရဲညွန့်ထွေးက ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်စုဖွဲ့ထားမှု၊ ဘေးအန္တရာယ်ဖြစ်နေချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မည့်နည်းလမ်းများ၊ ဘေးဖြစ်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)