လဲချားတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်မှ ကျောင်းသား/သူ လူငယ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူဒဏ်အန္တရာယ်များ၊ ရေဓါတ်ဖြည့်ပေးမည့် အစားအစာများ၊ အပူငုတ်ခြင်း၊ အပူရှပ်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းလက္ခဏာများနှင့် အပူရှောင်နည်းလမ်းများကို အသိပညာဗဟုသုတရရှိစေရန်နှင့် အပူဒဏ်ကို ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေး ဟောပြောခဲ့သည်။

ယင်းဟောပြောပွဲအခမ်းအနားသို့ လဲချားမြို့နယ်အတွင်းမှ ကျောင်းသား/သူ လူငယ် (၂၇)ဦးခန့် စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)