ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ​​အောင်ကိုဦးရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ပဲခူး) မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူး ပေါင်း၍( Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့၀င် ဒေါ်သက်နှင်းဖြိုးနှင့်အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဥ်များမှ တာ၀န်ကိုယ်စီရှိပါသည်။ လူငယ်နှင့်အလုပ်၊ မြန်မာလူငယ်တွေဘာကြောင့် မအောင်မြင်တာလဲ၊ နားထောင်ခြင်းက သင်ယူခြင်း၊ အောင်မြင်မှုရဲ့နောက်ကွယ်မှာစသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ အချင်းချင်းအမြင်ခြင်း ဖလှယ်ကာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)