မိုင်းငေါ့ မေ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြည်သူများအား အသိပညာပေး ပြသခဲ့သည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် ဒေသများတွင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်းတိုင်းအတွက် သတိပြုလိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းအန္တရာယ် လျော့ပါးရေး ပညာပေးစာစောင်များ၊ မုန်တိုင်းတိုက်ခိုက်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းအန္တရာယ်အား ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ပြည်သူများအနေဖြင့် သဘောပေါက်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များ ပါရှိသည့် အချက်များကို ပြသထားသဖြင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)