မိုင်းပျဉ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး (Talk Show) ကျင်းပ

မိုင်းပျဉ်း မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ရိုက်ကူးလွှင့်မှု အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးနှင့် လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကဦးစီးမှူး ဦးသန့်ဇင်ကြူတို့က ကလေးအလုပ်သမားပပျောက်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေး အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများကို ဝိုင်းဝန်းကူညီကြရန်နှင့် ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပုံတို့ကို အကျယ်တဝင့် ဆွေးနွေး ဟော​ပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက်ခြင်းဖြစ်ပြီး Lovely Minepyin Page တွင် လွှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရန်နောင်ထွန်း (ပြန်/ဆက်)