မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်  ပြသ

မုံးကိုး မေ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်းသတိပေးချက်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို နံရံကပ်စာစောင်များအနေဖြင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်နှင့် ရှောင်ရှာင်းသင့်သည့် အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်နှင့် ရှောင်ရှာင်းသင့်သည့် အချက်များ၊ မုန်တိုင်း အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည့် အကြောင်းအရာများအား  ပြည်သူလူထုအား အသိပညာပေး ပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်ဆောင်ရွက်မှုများကို ပြည်သူများ သိရှိစေရန် နံရံကပ်စာစောင်များဖြင့် ခင်းကျင်းပြသခဲ့ရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မေစံပယ်ဖူး(မုံးကိုး)