လှည်းကူး မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် စာရေးဆရာအသင်း လစဉ်ပုံမှန်အစည်းအဝေးနှင့် စာပေဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွန့်(လှည်းကူး)က အမှာစကားပြောကြားပြီး အဖွဲ့ဝင်များမှစာပေကဏ္ဍများ အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် လှည်းကူးမြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်အချို့ ကွယ်လွန်၊ နှုတ်ထွက်၊ ကင်းကွာ၊ နယ်ကျော်စာရင်းများစီစစ်ပြုစုကြပြီး ဆရာကျော်မင်းညွန့် (လှည်းကူး)က မိမိတို့မြို့နယ်ရှိ စာရေးဆရာများအနေဖြင့် စာပေဆုများရရှိစေလိုပါကြောင်း ယခုထက်ပို၍စာများများဖတ်၍ ရေးကြပါရန် တိုက်တွန်းပြောကြားကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)