မင်းလှ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ အောင်ကိုဦး (UMK)ရေးသားသည့် လူငယ်တွေ စဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က အောင်ကိုဦး(UMK)ရေးသားသည့် လူငယ်တွေစဉ်းစားဖို့စာအုပ်မှ လူငယ်နှင့်ရွေးချယ်မှု၊ကိုယ်ချစ်တာကိုယ်လုပ်ပါ၊ ဗီဇနှင့်ပတ်ဝန်းကျင်၊ လူငယ်နှင့်အချိန် အပါအဝင် အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများ ဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)