မုဒုံမြို့၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

မုဒုံ မေ 

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)တွင် ယနေ့နံနက် ၉ နာရီက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသည်။
Android အမျိုးအစားမိုဘိုင်းဖုန်းကိုအသုံးပြု၍ Kinemester application software
In Shot application software ဖြင့် ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များကို တည်းဖြတ်နည်း၊ နောက်ခံအသံ ထည့်ခြင်း၊ တေးသီချင်းများထည့်ခြင်း၊ စာများထည့်သွင်းခြင်းစသည့် နည်းပညာများကို လူငယ်များ၊ အခြေခံပညာအထက်တန်း အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့သင်ကြားပြသပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို အချိန်းပိုင်းဖြင့် တစ်ရက်သာ သင်ကြားပေးခဲ့ပြီး မိုဘိုင်းဖုန်းဖြင့် မိမိတို့၏ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို ဗီဒီယိုပုံစံများဖန်တီး၍ရကာ မိသားစုဝင်များ မွေးနေ့ပွဲ၊ အလှူပွဲနှင့် ပျော်ရွှင်ဖွယ်ရာ ခရီးသွားခြင်း အမှတ်တရမှတ်တမ်းများကို ရိုက်ကူးနည်း၊ တည်းဖြတ်နည်း စသည့်နည်းပညာများကို အခမဲ့လေ့လာသင်ကြားခွင့် ရရှိခဲ့သဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကျေးဇူးတင်ကြောင်း လူငယ်များက ပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)