မိုင်းငေါ့ ဇူလိုင် ၁၇
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့လာရောက် ဖတ်ရှုလေ့လာအသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် နှင့်မြန်မာ့ ရိုးရာဓလေ့စကားပုံများ သိရှိစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းကြောင့် ပြည်သူ့စာကြည့်တိုက်ကိုလာရောက်ဖတ်ရှု အသုံးပြုနေတဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးတွေကို အသိပညာ ဗဟုသုတတွေများစွာရှိစေရန်၊ စိတ်အေးချမ်းကြည်လင်တက်ကြွစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အလေ့အကျင့်ကောင်းတွေ ရရှိစေရန်၊ မြန်မာရိုးရာ စကားပုံလေးတွေကို သိရှိနိုင်စေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူ ပြောကြားချက်အရ သိရပါသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)