ညောင်ဦး ဇူလိုင် ၁၇
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံး မမေ့သင်သည့် အာဇာနည်ခေါင်းဆောင်(၉)ဦးတို့၏ အတ္တပ္ပတ္တိအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတရှာဖွေနိုင်ရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ် ရှုမှတ်သားနိုင်စေရန် စာအုပ်၊စာစောင်ပြပွဲဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ပြီးနောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများ ဟောပြောပွဲ အလေ့အထနှင့်ပြောရဲဆိုရဲဆွေးနွေးရဲသည်အထိဖြစ်အောင် ပညာပေး ဟောပြောပွဲများ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း