ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပုဗ္ဗသီရိ ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်များက အနာဂတ်အတွက် လူသားအရင်းအမြစ်များဖြစ်သည့်အတွက် ငယ်စဉ်ကစ၍ ဗလငါးတန်းနှင့် ပြည့်စုံဖို့လိုပါကြောင်း၊ ဒါမှသာ လူ့ဘောင်အဖွဲ့အစည်းကို အတွေးအခေါ်ကောင်းများနှင့် တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ ယခုဟောပြောပွဲတွင် စာရေးဆရာများက သူတို့အတွေ့အကြုံများ၊ အတွေးအကြံများကို လက်ဆင့်ကမ်းမျှဝေသွားမှာ ဖြစ်သည့်အတွက် မှတ်သားလိုက်နာကြဖို့ ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)  “လူငယ်နှင့် ပျိုးထောင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာ ရဲမွန်ကျော်က “လူငယ်နှင့်အာဇာနည်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ် (YU)က “လူငယ်နှင့်အနုပညာ”  ခေါင်းစဉ်ဖြင့်အသီးသီး ဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)