စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်မိုးညွန့်မှ ယနေ့ခေတ် လူငယ်များအနေဖြင့် နည်းပညာအခွင့်အလမ်းများ၊ ဆက်သွယ်ရေးအခွင့်အလမ်းများနှင့် ပညာသင်ယူရေးအခွင့်အလမ်းများသည် လွယ်ကူသည့် အခြေအနေတွင် ကြုံတွေ့နေရပြီး လူငယ်များအနေဖြင့် ယင်းအခွင့်အရေးများကို ဆုပ်ကိုင်ပြီး ကြိုးစားအားထုတ်ရန်ဖြစ်ပါကြောင်း၊ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ပြီး စူးစမ်းလေ့လာသင်ယူခြင်း၊ ဗဟုသုတ ပူးပေါင်းရှာဖွေခြင်း၊ အများအကျိုး၊ နိုင်ငံ့အကျိုးများ သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စေတုတ္တရာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးသိန်းဇော်မှ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ အကျိုးကျေးဇူးများကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မောင်စောနိုင်ထွန်း (Grade-10)၊ မောင်ကျော်ကျော် (Grade-10)၊ မညိမ်းဖြူစင်(Grade-10)၊ မတွယ်တာခိုင် (Grade-10) တို့မှ “လူငယ်နှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး ၊ လူငယ်နှင့် မူးယစ်ဆေး တားဆီးကာကွယ်ရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)