နယ်ရုံးများ၏သတင်းများ

May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၉)နာရီက လူငယ်များနှင့် ဂိမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ မွန်းလွဲပိုင်းက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
May 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
May 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
May 18,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
May 17,2023
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်း နံရံကပ်ပြဘုတ်များတွင် ပြည်သူများအား အသိပညာပေး ပြသခဲ့သည်။
May 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ စစ်တုရင်နှင့် LCCI သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။